Sunday, September 29, 2013

Mark X ဆိုသည်မှာ ...

Mark X ဆိုသည်မှာ ...
အခုတခါ MarkX အကြောင်းလေး ရေးကြည့်မယ်နော်။ MarkX ကို ၂၀၀၄ ခုနှစ် ၁၁လပိုင်းကနေ စတင် ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ တနည်းအားဖြင့် Mark2 ရဲ့ နောက်ထပ် မျိုးဆက်သစ်လို့လည်း ဆိုနိုင်ပါတယ်။
သူ့မှာလည်း အင်ဂျင်ပါဝါ အခွဲတွေ၊ 2 wheel-drive/4 wheel-drive တွေ ကွဲပြားပါသေးတယ်။
2500cc နဲ့လည်း ထုတ်လုပ်သလို 3000cc နဲ့လည်း ထုတ်လုပ်တာမို့ chassis နံပါတ်နဲ့ ခွဲတာက အသေချာဆုံးပါပဲ။

GRX120 - 2500cc, 2WD
GRX125 - 2500cc, 4WD
GRX121 - 3000cc, 2WD
Grade အနေနဲ့ MarkX အားလုံးကတော့ G တွေပါပဲ။ အဲ့မှာမှ ရိုးရိုး G ရှိသလို တခြား package တွေလည်း ရှိပါတယ်။
အများဆုံးစီးကြတဲ့ GRX120 - 2500cc, 2WDမှာဆိုရင် ...
250G F package (အနိမ့်ဆုံးဂရိတ်)
250G
250 G L package (အင်တင်နာတို့၊ CD changerတို့၊ ခြေနင်းမီးတန်းတို့ ပါပါတယ်။)
250G S package (သူကတော့ ပြိုင်ကားဂရိတ်လို့လည်း ခေါ်ကြပါတယ်။)
ဝယ်ရောင်းတွေကျတော့ အဓိက အားဖြင့် push start ဖြစ်လား၊ original tv ဖြစ်လား၊ အဲဒါကို အဓိက ထားကြပါတယ်။ Push Start တို့ အော်တီဗွီတို့ကကျတော့ optional မို့ ဂရိတ်မြင့်တိုင်းလည်း ပါဖို့ မသေချာလှပါဘူး။ ဂရိတ်အပြည့်ဆုံးကတော့ Premium ဖြစ်ပြီး သူက GRX121 - 3000cc, 2WD မှာသာ ထုတ်လုပ်တာဖြစ်ပါတယ်။
ဒီပုံစံကိုပဲ ၂၀၀၆ ခုနှစ် ၁၀လပိုင်းနောက်ပိုင်း ထုတ်တဲ့ကားတွေဆိုရင် နောက်မီးခွက်နဲ့ side mirror ဘေးကြည့်မှန် မီးတန်းပါသွားပါတယ်။ နောက်မီးခွက်က အရင် အဖြူ ၂၀ိုင်းကနေ ၃၀ိုင်းဖြစ်သွားတာပါ။
(ကားအဖြူ ဘယ်ဘက်က မော်ဒယ်မြင့်၊ ညာဘက်က မော်ဒယ်အနိမ့်)
၂၀၀၉ ခုနှစ် ၁၀ လပိုင်းမှာတော့ MarkX ကို new generation အဖြစ် ပုံစံဒီဇိုင်းအသစ်နဲ့ ထုတ်လုပ်ခဲ့ပါတယ်။ chassis no. လည်း ပြောင်းကုန်ပါတယ်။
GRX130 - 2500cc, 2WD
GRX135 - 2500cc, 4WD
GRX133 - 3500cc, 2WD
ဒီရုပ်ပြောင်းမှာလည်း ဂရိတ်ခွဲတွေက ခပ်များများပါ။
GRX130 မှာတင် အခွဲပေါင်း (၅)မျိုး ရှိပါတယ်။
250G F package, 250G, 250G Relax Selection, 250G S package, 250G S Relax Selection စသဖြင့် အမျိုးမျိုးထုတ်လုပ်ခဲ့ပါတယ်။ (ပုံထဲက မော်ဒယ်မြင့်အနက်လေးကတော့ Relax Selection ဖြစ်ပြီး မော်ဒယ်အနိမ့်အနက်လေးကတော့ L package ပါ။)]
ဈေးတန်းတွေကတော့ ၂၀၀၄ လောက်ဆို အခုချိန်တင်သွင်းရင် စလစ်ဈေးပေါ် မူတည်ပြီး သိန်း၂၆၀ ၀န်းကျင်လောက်ရှိပြီး ၂၀၀၉ ရုပ်ပြောင်းဆိုရင်တော့ သိန်း ၄၅၀ နဲ့အထက်မှာ ရှိပါလိမ့်မယ်။ ဒီရောက်ပြီးသား အက္ခရာနိမ့် သွားရင်တော့ ဈေးအများကြီး ပိုမိုသက်သာနိုင်ပါတယ်။
ကိုထွဋ်ထိပ်

No comments:

Post a Comment