HTC one (32GB) ရောင်းမည်။
Mic အသံတိုးသည်။ Body သန့်သည်။
All accessories and Box with Original Beats Audio
Price - 420000ks
ငွေလိုသဖြင့်ရောင်းသည်/ အလဲအထပ် မလုပ်ပါ။
ဆက်သွယ်ရန် - ၄၅၀၀၀ ၄၅၂၈
Sunday, September 29, 2013
Mark X ဆိုသည်မှာ ...
Mark X ဆိုသည်မှာ ...
အခုတခါ MarkX အကြောင်းလေး ရေးကြည့်မယ်နော်။ MarkX ကို ၂၀၀၄ ခုနှစ် ၁၁လပိုင်းကနေ စတင် ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ တနည်းအားဖြင့် Mark2 ရဲ့ နောက်ထပ် မျိုးဆက်သစ်လို့လည်း ဆိုနိုင်ပါတယ်။
သူ့မှာလည်း အင်ဂျင်ပါဝါ အခွဲတွေ၊ 2 wheel-drive/4 wheel-drive တွေ ကွဲပြားပါသေးတယ်။
2500cc နဲ့လည်း ထုတ်လုပ်သလို 3000cc နဲ့လည်း ထုတ်လုပ်တာမို့ chassis နံပါတ်နဲ့ ခွဲတာက အသေချာဆုံးပါပဲ။

GRX120 - 2500cc, 2WD
GRX125 - 2500cc, 4WD
GRX121 - 3000cc, 2WD
Grade အနေနဲ့ MarkX အားလုံးကတော့ G တွေပါပဲ။ အဲ့မှာမှ ရိုးရိုး G ရှိသလို တခြား package တွေလည်း ရှိပါတယ်။
အများဆုံးစီးကြတဲ့ GRX120 - 2500cc, 2WDမှာဆိုရင် ...
250G F package (အနိမ့်ဆုံးဂရိတ်)
250G
250 G L package (အင်တင်နာတို့၊ CD changerတို့၊ ခြေနင်းမီးတန်းတို့ ပါပါတယ်။)
250G S package (သူကတော့ ပြိုင်ကားဂရိတ်လို့လည်း ခေါ်ကြပါတယ်။)
ဝယ်ရောင်းတွေကျတော့ အဓိက အားဖြင့် push start ဖြစ်လား၊ original tv ဖြစ်လား၊ အဲဒါကို အဓိက ထားကြပါတယ်။ Push Start တို့ အော်တီဗွီတို့ကကျတော့ optional မို့ ဂရိတ်မြင့်တိုင်းလည်း ပါဖို့ မသေချာလှပါဘူး။ ဂရိတ်အပြည့်ဆုံးကတော့ Premium ဖြစ်ပြီး သူက GRX121 - 3000cc, 2WD မှာသာ ထုတ်လုပ်တာဖြစ်ပါတယ်။
ဒီပုံစံကိုပဲ ၂၀၀၆ ခုနှစ် ၁၀လပိုင်းနောက်ပိုင်း ထုတ်တဲ့ကားတွေဆိုရင် နောက်မီးခွက်နဲ့ side mirror ဘေးကြည့်မှန် မီးတန်းပါသွားပါတယ်။ နောက်မီးခွက်က အရင် အဖြူ ၂၀ိုင်းကနေ ၃၀ိုင်းဖြစ်သွားတာပါ။
(ကားအဖြူ ဘယ်ဘက်က မော်ဒယ်မြင့်၊ ညာဘက်က မော်ဒယ်အနိမ့်)
၂၀၀၉ ခုနှစ် ၁၀ လပိုင်းမှာတော့ MarkX ကို new generation အဖြစ် ပုံစံဒီဇိုင်းအသစ်နဲ့ ထုတ်လုပ်ခဲ့ပါတယ်။ chassis no. လည်း ပြောင်းကုန်ပါတယ်။
GRX130 - 2500cc, 2WD
GRX135 - 2500cc, 4WD
GRX133 - 3500cc, 2WD
ဒီရုပ်ပြောင်းမှာလည်း ဂရိတ်ခွဲတွေက ခပ်များများပါ။
GRX130 မှာတင် အခွဲပေါင်း (၅)မျိုး ရှိပါတယ်။
250G F package, 250G, 250G Relax Selection, 250G S package, 250G S Relax Selection စသဖြင့် အမျိုးမျိုးထုတ်လုပ်ခဲ့ပါတယ်။ (ပုံထဲက မော်ဒယ်မြင့်အနက်လေးကတော့ Relax Selection ဖြစ်ပြီး မော်ဒယ်အနိမ့်အနက်လေးကတော့ L package ပါ။)]
ဈေးတန်းတွေကတော့ ၂၀၀၄ လောက်ဆို အခုချိန်တင်သွင်းရင် စလစ်ဈေးပေါ် မူတည်ပြီး သိန်း၂၆၀ ၀န်းကျင်လောက်ရှိပြီး ၂၀၀၉ ရုပ်ပြောင်းဆိုရင်တော့ သိန်း ၄၅၀ နဲ့အထက်မှာ ရှိပါလိမ့်မယ်။ ဒီရောက်ပြီးသား အက္ခရာနိမ့် သွားရင်တော့ ဈေးအများကြီး ပိုမိုသက်သာနိုင်ပါတယ်။
ကိုထွဋ်ထိပ်

Thursday, September 12, 2013
နိုင်ငံခြားရောင်းတန်းဝင် မြန်မာ့ ပျားရည်
မြန်မာလူမျိုးတို့၏ ဆေးဖက်ဝင် ပျားရည်ကို သစ်တောထွက် ပစ္စည်းအဖြစ်၊ ဈေးကွက်ဝင် ရောင်းကုန် အဖြစ် ရောင်းလျက် ရှိကြသည်။
ပျားရည်တွင် ဆီးပျားရည်၊ လဲမှို့ပျားရည်၊ နေကြာပျားရည်၊ ပန်းနှမ်းပျားရည် ဟူ၍ မှီတွယ်ရသော သစ်ပင် အမျိုးအစားအလိုက် ပျားရည်များ ရှိသကဲ့သို့ သဘာဝ မွေးပျားရည်ကိုလည်း တွေ့ရ သည်။ ဆီးပျားရည်ကို စစ်ကိုင်းတိုင်း ဒေသကြီး ချင်းတွင်း မူးမြစ် အနောက်ဘက် မုံရွာမြို့နယ် ကနီတွင် အထွက် များသည်။ ဆီးပျားရည်က အရည်ပျစ်သည်။ ဆေးဖက်ဝင်သည်။ ဆီးပင်ကို မှီတွယ်ပြီး ထွက်ရှိသော ပျားရည်ဖြစ်၍ အရောင်က ဝါကျင့်ကျင့် ရှိသည်။ ဆီးရောင် ရှိသည်။ ဆီးပျားကို ကျေးလက်သို့ ကွင်းဆင်း၍ တစ်ပိဿာ ငွေကျပ် ၁၆ဝဝ ဖြင့် ဝယ်ရပြီး ဖောက်သည် ပြန်သွင်းသောအခါ ငွေကျပ် ၁၈ဝဝ ဖြင့်သွင်းသည်။ ဆီးပျားက အထားခံသည်။ မခဲသွားပါ။ အရောင်လည်း မပြောင်းပါ။ သစ်ခေါင်းပျားရည် အဖြစ် ဆေး ဖော်စပ် ရာတွင် အသုံးပြုသည်။ ဆီးပျားက အောက်တိုဘာ လကုန်တွင် မရနိုင်တော့ပါ။ နိုင်ငံခြား ရောင်းတန်းဝင် ဖြစ်၍ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား နိုင်ငံများမှ ဝယ်သည်။ ရွှေရည် ကုမ္ပဏီ၊ စမိုင်းဟက်ပီး ကုမ္ပဏီများက ကတ္တားချိန်၍ ပီပါလိုက် ဝယ်သည်။ ချင်းတွင်း တံတားအနီး ကနီမြို့၌ ဆီးတော ပျားမွေးဂေဟာ ရှိသည်။ လူက ပျားကောင်များကို ယဉ်အောင် လေ့ကျင့်၍ ခိုင်းစားသည်။ ပျားရည်ကို ပီပါဖြင့် ဧရာဝတီမြစ်ကြောင်း အတိုင်း သယ်ယူပို့ဆောင် ကြသည်။ ပျားလုပ်ကွက်မှ တစ်နှစ် အတွက် စာချုပ်ဖြင့် လိုသလောက် အရေ အတွက်ကို တင်ပို့သည်။
လဲမှို့ပျားရည်ကို မတ္တရာမြို့နယ် ဆူးလေကုန်း၊ တောင်ကုန်း၊ တောင်ပြုန်းဘက်တွင် မွေးကြသည်။ ခေါင်းအုံး အတွင်း ထည့်သော လဲမှို့ပင်ထက်တွင် ပျားစွဲသည်။ လဲပင်ပေါသော ဒေသက ပျားဖြစ်၍ လဲမှို့ပျားဟု ခေါ်ကြသည်။ မုံရွာမြို့နယ်၊ မြင်းမူမြို့နယ် ညောင်ဝန်း ဒေသတွင် ရရှိသည်။ မုံရွာ၊ မြင်းမူ ညောင်ပင်ဝန်း ဒေသထွက် ရွာသစ်ကြီး အနီးရှိ လဲမှို့ပျားရည်ကို ဇန်နဝါရီ လကုန်တွင် စုဆောင်း၍ မရတော့ပါ။ ကောလင်း၊ ကသာတို့တွင် ရရှိသော နေကြာပျားရည်ကို မတ်လကုန်တွင် စုဆောင်း၍ မရတော့ပါ။ ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်းနှင့် ကသာ၊ ကောလင်းတို့တွင် ထွက်သော ပန်းနှမ်းပျားရည်ကို နိုဝင်ဘာ လကုန်တွင် စုဆောင်း၍ မရတော့ပါ။ မွေးပျားက အရောင်ကြည်သည်။ ဆီရောင်ရှိသည်။ နေကြာပျားနှင့် ပန်းနှမ်းပျားရည် တို့က ဆီရောင် အဝါရောင် ဖြစ်ပြီး ကျဲသည်။ သဘာဝ ပျားရည်ထွက်ရာ ကောလင်း၊ ဝန်းသို ဒေသထွက် မိုင်းသုန် ပျားရည်က ဆေးဖက်ဝင်၍ အရောင် ညိုမည်း သွားသော်လည်း ဆေးဖော်စပ် လိုသူများက လိုက်လံ ရှာဖွေ ဝယ်ယူကြသည်။
ပျားရည် စစ်ပါက ကြာလျှင် သိုလှောင်ရာ စဥ့်အိုးထဲ၌ ခဲသွားသည်။ ခဲသွားသော ပျားရည် စစ်စစ်ကို ပေါင်းခံ သောသဘောဖြင့် ပျားရည်ပုလင်းကို ရေနွေး ပွက်ပွက်ဆူတွင် ထည့်လိုက်ပါက အရည် ပျော်သွားသည်။ ပျားရည်ခဲကြီးကို တချို့က မီးပူဖြင့် ပြန်ကျိုပြီး အရည် ပျော်သွားစေသည်။
ပျားရည်အတု လုပ်ကြံ ရောင်းလိုသူက ကြံသကာရည်၊ ခေါင်းလျှော်ရည်များဖြင့် ရောကာ အထမ်းဖြင့် လည်းကောင်း၊ ခေါင်းရွက်၍ လည်းကောင်း ရိုးသားသော တောသူတောင်သား အသွင်ယူကာ လိမ်ညာ ရောင်းချတတ်ကြသည်။ ပျားရည်အတုကို တစ်ပုလင်းလျှင် ငွေကျပ် ၁ဝဝဝ၊ ၁၂ဝဝ ဝန်းကျင်ဖြင့် ခပ်ပေါပေါ ရောင်းချ တတ်ကြသည်။
ပျားရည် စစ်မစစ်ကို သတင်းစာ စက္ကူပေါ်အစက်ချ ကြည့်လျှင် အစိုဓာတ် ပြန့်မသွားမှ ပျားရည် စစ်သည်။ မီးခြစ်ဆံဖြင့် တို့၍ မီးခြစ်ကြည့်ပါက မီးတောက်လျှင် ပျားရည် စစ်၏။ ပျားရည် စစ်စစ်ကို ပုလင်းတွင် အပြည့် ထည့်ပါက အပူဒဏ်ကြောင့် ပုလင်းအဖုံး ပေါက်ထွက်ခြင်း၊ ပျားရည်ပုလင်း၏ ဖင်ကျွံထွက်ခြင်း၊ ပုလင်းကွဲခြင်း တို့ဖြစ်ပါက ပျားရည် စစ်သည်။
ပျားရည်၏ တွဲဖက် ထွက်ကုန်မှာ ပျားဖယောင်း ဖြစ်သည်။ မြန်မာ့ ပျားလုပ်ငန်း၏ မျက်နှာစာဝယ် ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ်တွင် ပျားရည် တန်ချိန် ၁ဝ၁၈ တန်ကျော် ပြည်ပ နိုင်ငံများသို့ တင်ပို့သည်။ တရုတ်၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်နိုင်ငံများသို့ တင်ပို့သော ပျားရည်အနက် ဌာနဆိုင်ရာ ပျားရည် တန် ၁ဝဝ ၊ ပုဂ္ဂလိက မွေးပျားရည် ၉ဝ၈ တန် ဖြစ်သည်။ ပျားမွေးမြူရေး စခန်းတွင် ပျားအုံ ၈ဝ၉၁ အုံဖြစ်ပြီး၊ ပုဂ္ဂလိကပိုင် မွေးပျား ၄၅ဝဝဝ အုံရှိသည်။ မွေးပျားကို ပုဂ္ဂလိက စီးပွားရေး မျက်နှာစာဝယ် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး၊ အောင်ပန်း၊ ပြင်ဦးလွင်၊ နောင်ချို၊ ကျောက်မဲ၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် မန္တလေးတိုင်း ဒေသကြီး အတွင်း သည် ဒေသထွက်ကုန် အများဆုံး ဖြစ်သည်။
ပြည်ပနိုင်ငံသို့ တင်ပို့သော ပျားရည်မှာ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်နှင့် နေကြာပျားရည်တို့ ဖြစ်သည်။ ရဟန်းရှင်လူ အများဆုံး မှီဝဲနေသော စတုမဓူတွင် ပျားရည်သည် အဓိက ကုန်ကြမ်းအဖြစ် ပါဝင်သည်။ သက်ကြီး ရွယ်အိုတို့ အားထားမှီဝဲရသော ပျားရည်ကို နေ့စဉ်မှန်မှန် မှီဝဲပါက အသက်ရှည် ကျန်းမာမည်ဖြစ် ကြောင်း သိရသည်။
တရုတ်ပြည်မှ စီးပွားရေး မျက်နှာစာဝယ် ပျားရည် အတုများ ဝင်ရောက် ထိုးဖောက်နေချိန်ဝယ် မြန်မာ့ သဘာဝ သစ်တောမှ ထွက်ရှိသော သဘာဝပျားရည်ကား ဈေးကွက်တွင် တည်တည်ငြိမ်ငြိမ်ဖြင့် ရောင်းဝယ် နေကြရာ ရဟန်းရှင်လူအများ အကြိုက်တွေ့နေသော ''မြန်မာ့ ပျားရည်ကား ပတ္တမြားမှန်၍ နွံမနစ်ပါ'' ဟူ၍ ရေးသား တင်ပြ လိုက်ရပါသည်။ ။
ရောင်းမည်
ရောင်းမည်
09420030066 250000/-
09420030099 250000/-
095198171 600000/-
ဆက်သွယ်ရန် ၀၉၅၄၁၂၃၈၈
09420030066 250000/-
09420030099 250000/-
095198171 600000/-
ဆက်သွယ်ရန် ၀၉၅၄၁၂၃၈၈
Subscribe to:
Posts (Atom)